လွိုင်လင် ဇွန် ၂၆
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖြစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးတွင် ယနေ့ နံနက်(၁၀)နာရီက Community Centre ခန်းမတွင် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လွိုင်လင်မြို့ အထက(၁)မှ ကျောင်းသူ/သားများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ ထို့နောက် Community Centre ခန်းမအတွင်း၌ ဟောပြောပွဲကိုပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းပြည့်စန္ဒီမြင့်က "လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက “မူးယစ်ဆေးဝါးအန္တရာယ် ဝိုင်းဝန်းပူးပေါင်းကာကွယ် တိုက်ဖျက်ကြပါစို့” ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောကြသည်။ ဆက်လက်၍ Community Centre ခန်းမအတွင်း၌ ခင်ကျင်းပြသထားသည့် ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျောင်းသား/သူများက စိတ်ဝင်တစား မှတ်သားလေ့လာကြသည်။ အလားတူ အဆိုပါပြပွဲနှင့် ဟောပြောပွဲကို မွန်းလွဲ (၁)နာရီက လွိုင်လင်မြို့ အထက(၂) ကျောင်းသား/သူများကို ဆက်လက်၍ ခင်းကျင်းပြသ ဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)