မိုင်းဆတ် ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အဖြစ် ရူဇီမြက်မျိုးစိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီက တောင်သူဦးဆာလီ၏ ယာမြေတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူသည့်စနစ်သို့ ကူးပြောင်းပြီး တိရစ္ဆာန်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ်ပြန်လည်အသုံးပြုနိုင်ရန်၊ တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝသော အစာစိမ်းများ ရရှိနိုင်ရန်၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစောထက်ဝင်းနှင့် ဝန်ထမ်းများစုပေါင်း၍ ဝိန်းနေရပ်ကွက်ရှိ တောင်သူ ဦးဆာလီ၏ ယာမြေတွင် ရူဇီမြက်မျိုး(၁)ဧကခန့် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)