ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးအတွက် အခြေခံပညာအထက်တန်း ဆင့်သင် ဆရာ/မများ အရည်အသွေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က(၁) ကျောင်း၊ ချင်းတွင်းမြစ် ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနား ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်နေ့နံနက်က ၁၀ နာရီက ဟင်္သာတမြို့နယ် တောင်ကလုံကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ ကွင်းအမှတ်(၁၅၉၂)၊ ဦးပိုင်အမှတ် (၇၆/၂)၊ တောင်သူ ဒေါ်ညိုညိုဆန်း၏ လယ်မြေ ၁၀ ဧကတွင် ပြုလုပ်ခဲ့သည်။

ကလေးမြို့တွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီ၌ ပဲမျိုးစုံ ဧက ၁၉၀၀၀ ကျော်စိုက်ပျိုးရန်လျာထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းရာသီ၌ ပဲမျိုးစုံဧက ၁၉၀၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (၂၂) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊  ဆရာမကြီး (၂၅၉) ဦးတို့အား ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် (၂၂) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ချောင်းဆုံ(အထက)ကျောင်း သီရိ ရတနာခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားကို ဆရာ၊ ဆရာမများမှ “ဦးခိုက်လျက်ပါ မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

ကော့မှူးတွင် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်အတွင်းနှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က ပြည်တော်သာရပ်ကွက် ဇောတိကဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခြင်းကိုယနေ့ နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာ ၌ပြည်နယ်သမဝါယမဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများ၊ ရင်းငြိမ်တောင်ကျေးရွာ၊ ရွှေချမ်းသာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလိမိတက်ရှိ အသင်းသားပိုင်လယ်များ သို့ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ပလောက်မြို့တွင် ကျောင်းအခြေပြုကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကျောင်းအခြေပြုကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို အ.ထ.က(ပလောက်)တွင် အောက်တိုဘာ ၁၇ ရက်နေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to