ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်   ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဧပြီလ (၂)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က နွေရာသီသင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (နတ်မောက်)၌ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်းအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ဗုဒ္ဓဘာသာဆိုင်ရာ အခြေခံယဉ်ကျေးမှုများကို သိရှိနားလည်ကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၂) ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

စလင်းမြို့နယ်တွင်​​ နွေစပါး (၅၄၆) ဧကစိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မဲဇလီဆည်ရေနှင့် စလင်းရေလှောင်တမံရေဖြင့် နွေစပါး ၅၄၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ကုလရက္ခိတ ယဉ်ကျေးလိမ္မာ လူငယ်အထူးတရားစခန်း ဖွင့်လှစ်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်(၁၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော စတုတ္ထအကြိမ်မြောက် ကုလရက္ခိတ ယဉ်ကျေးလိမ္မာ (၁၀)ရက် လူငယ်အထူးတရားစခန်းကို ဧပြီလ (၂) ရက်နေ့ နံနက်ပိုင်းကစ၍ အမှတ်(၃)ရပ်ကွက်ရှိ မြို့မဝိသုဒ္ဓိကျောင်းတိုက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အပူရှောင်စခန်း ကြိုတင်ပြင်ဆင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ထိခိုက်လွယ်(သက်ကြီးဘိုးဘွားများ)၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်၊ ကလေးသူငယ်များ အပူရှောင်နားခိုနေထိုင်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ မြို့နယ်အပူရှောင်စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသရုပ်ပြသခြင်းနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ပတ္တာကျေးရွာကွင်းအမှတ်(၂၀၉-ခ)၊ ဦးပိုင်အမှတ်(၂၆)၊ တောင်သူဦးခင်မောင်အေး၏ စိုက်ကွင်းတွင် ယနေ့နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသရုပ်ပြသခြင်းနှင့် သွင်းအားစုဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ဧပြီလ ၂ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ စားရိပ်သာခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနခွဲအလိုက် အရာထမ်း/အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ တက်ရောက် ခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးဝန်ထမ်းများလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၂ ရက်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်ရှိ ရေကြည်တော်ဝတ်အသင်းတန်ဆောင်း၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး မင်းဘူးမြို့ သာသနာ့ဗိမာန်၌ အပူရှောင်စခန်း ဖွင့်လှစ်ထားရှိမှု ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဗိမာန်၌ သွားရောက်ကြည့်ရှုအားပေးသည်။

ဒက္ခိဏခရိုင်၌ နွေရာသီအခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအင်္ဂလိပ် သဒ္ဒါသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်တူးတူးချို၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှတာဝန်ရှိသူများ၊ သင်တန်းဆရာ/ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်သည်။
Subscribe to