မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် သင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအဖွဲ့အကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မင်းဘူး ဧပြီ  ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်နှင့်ယိမ်းအဖွဲ့များ တပင်တိုင်အကများဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းဘူးမြို့ မဟာသင်္ကြန်တွင် ဗဟိုရေကစားမဏ္ဍပ်တွင် ရေကစားခြင်များအပြင် လမ်းလျှောက်သင်္ကြန်လည်းကျင်းပသွားမည်ဖြစ်ရာ ယိမ်းအဖွဲ့များမှာခလရ ၈၈ယိမ်း၊ No.1 ကိုယ်ပိုင် အထက်တန်းကျောင်းယိမ်း၊ အမှတ် ၄ ရပ်ကွက်ယိမ်း၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးယိမ်း၊ သမ+ကျေးဖွံ့+ကျေးလက်လမ်း+အသေးစားရုံးယိမ်း၊ လယ်/ဆည်ရုံးယိမ်း၊ ဆောက်လုပ်ရေးရုံးယိမ်း၊ စည်ပင်+စီမံဘဏ္ဍာအခွန်ယိမ်း၊ ပညာရေးဌာန  ယိမ်းအဖွဲ့စသော ယိမ်း ၉ ဖွဲ့၊ တပင်တိုင်ကပြမည့်သူ ၁၁ ဦးတို့ဖြင့် တင်ဆက်ကပြမည့်အကအလှများအပြင် ရွှေယဉ်မွန်တေးဂီတဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာအကျွေးအမွေးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်နှင့်အတူဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ စတုဒီတာမဏ္ဍပ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ရေကစားခြင်းဖြင့် ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ဦးဩဘာသခန်းမရှေ့၌ ဆောင်ရွက်သွားမည်ဖြစ်ကာ သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ ရေကစားခြင်းဖြင့် အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွဲကြမည့်အပြင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့်အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲတို့ကိုပါ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)