ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲပြသ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ပြည်သူများအား လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး နံရံကပ်စာစောင်များပြသ‌ထားလျက်ရှိကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်တွင် စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့ နံနက်(၉)နာရီက ဝိုင်းမော်မြို့နယ်၊ မုတ်လွဲကျေးရွာရှိ တောင်သူ(၂၅) ဦးပိုင် စပါးခင်းအတွင်း၌ ငါးမျိုး စိုက်ထည့်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးတွင် အခြေခံငါးမွေးမြူခြင်းနှင့် ငါးဆေးထိုးသားပေါက်နည်း ပညာပေး သင်တန်းဖွင့်ပွဲ ကျင်းပ

အခြေခံငါးမွေးမြူခြင်းနှင့် ငါးဆေးထိုးသားပေါက်နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာပိန်မြစ်ရေ မြင့်တက်လာပြီး ကျေးရွာအုပ်စု မြေနိမ့်ပိုင်းများ အတွင်းသို့ လူနေအိမ်နှင့် စိုက်ပျိုး လယ်မြေများ မြစ်ရေဝင်ရောက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ တာပိန်ရေအားလျှပ်စစ်စက်ရုံ၏ အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် တာပိန်မြစ်ရေသည် ယမန်နေ့နံနက် ၇ နာရီခန့်က စတင်၍ တာပိန်မြစ်ကြောင်း အောက်ပိုင်းတစ်လျှောက်ရှိ ကျေးရွာအုပ်စု မြေနိမ့်ပိုင်းများအတွင်းသို့ လူနေအိမ်နှင့် စိုက်ပျိုးလယ်မြေများ မြစ်ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ Cash For Work စီမံကိန်းနှင့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း)မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မေညွန့်နှင့် တာ၀န်ရှိသူများသည် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် Cash For Work စီမံကိန်းနှင့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း)မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နံနက်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်လင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သက်ငယ်မုဒိန်းမှုပပျောက်ရေး ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် သက်ငယ်မုဒိန်းမှု့ ပပျောက်စေရေးတို့အတွက် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားပေးကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားသည့် မိသားစုများ ထောက်ပံ့ငွေ တီးတိန်၌ပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ဖြိုဖျက် ပြောင်းရွှေ့သော ဖာရ်တလန်ကျေးရွာနေ ဦးထန်ခင်းမုန်နှင့် ဦးထန်လျန်းကိမ်းတို့အား ယမန်နေ့နေ့လည် ၁ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ငွေ ပေးအပ်ကြောင်း သိရသည်။

မိုင်းယုမြို့၌ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ မဲဆန္ဒရှင်စာရင်းမှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရစ်မှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်း ပြုစုဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရစ်မှု မရှိစေရေးအတွက် မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ကွင်းဆင်းတိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာရေးဆရာဖေမြင့် ရေးသားသော "မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကလေးငယ်မျာအား ဗီတာမင်အေဆေးနှင့် သန်ချဆေးများ ဆက်လက်တိုက်ကျွေး

ကလေးငယ်များ ရောဂါများကင်းဝေးပြီး ဗီတာမင်အေပြည့်ဝကာ ကျန်းမာ၊ သန်စွမ်းသော ကလေးငယ်များဖြစ်စေရန် ပြင်ဦးလွင်မြို့နယ်၊ ကျီးကိုင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့နံနက် (၉) နာရီက ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေးများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။
Subscribe to