လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လယ်ဝေးမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက သော်မှော်ကုန်းကျေးရွာ၊ SMU ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။