တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့)ကျင်းပ

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပသည်။

ပန်းတောင်းမြို့နယ်၌ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူများစာပေဗဟုသုတ ကြွယ်ဝစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

တွံတေးမြို့နယ်၌ သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား ရေလှူဒါန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပါင်း၍ ရှမ်းစုကြီးကျေးရွာ သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား ရေသွားရောက်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က အဆိုပါကျေးရွာ၌ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကမာရွတ်မြို့နယ် လမ်းလယ်လမ်းဘေးတွင် စျေးရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက် ပေ(၅၀)လမ်းတွင် ဒုတိယဌာနမှူး (ခရိုင်/မြို့နယ်)၏ လမ်းညွှန်မှုဖြစ်သော မော်တော်ယာဉ်များ သွားလာနိုင်ရေးအတွက် လမ်းလယ်တွင် ဈေးရောင်းချမှုမရှိစေရေး ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်တွင် ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်၌ ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

ရွှေပြည်သာမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာသင်တန်း (အခမဲ့)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊‌ ရွှေပြည်သာမြို့နယ်၌ ကလေးငယ်များနှင့် လူငယ်များ နွေရာသီတွင် အခြေခံကောင်းများရရှိထားခြင်းဖြင့် အင်္ဂလိပ်စာဘာသာရပ်ကို သင်ယူရာတွင် ပိုမိုလွယ်ကူလျှင်မြန်စွာ အထောက်အကူပြုစေရန်ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (အခမဲ့) ဖွင့်လှစ်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

ကျောင်းသားလူငယ်‌မောင်မယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလတွင် ပြင်ပဗဟုသုတရရှိစေမည့် သုတ/ရသ စာအုပ်၊ စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပ‌ဒေပါ အကျိုးခံစားခွင့်များဆိုင်ရာ အသိပညာပေးဟောပြာပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပ‌ဒေပါ အကျိုးခံစားခွင့်နှင့် လူမှုဖူလုံရေးဥပဒေ အာမခံစနစ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to