နတ်မောက် ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ရပ်ကွက်နေ ပြည်သူများဖြင့်အတူ စည်ကားသိုက်မြိုက်စွာနှင့် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကျင်းပနိုင်ရေး၊ မြန်မာ့ယဥ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်စေရန် လမ်းလျှောက်သင်္ကြန် ဗဟိုရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များက ပြဖျော်ဖြေခြင်း၊ ဝါသနာရှင်များမှ သီဆိုဖျော်ဖြေခြင်း စတုဒိသာ ကျွေးမွေးခြင်း၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ခြင်း၊ သက်ကြီးဘိုး/ဘွားများ ပူဇော်ကန်တော့ခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာ ကော်မတီနှင့် အသင်းအဖွဲ့အသီးသီးတို့က မိမိတို့ကော်မတီအလိုက် စီစဥ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း