ခန္တီးမြို့၌ ဈေးမီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး

ခန္တီး ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနတို့ ပူးပေါင်းကာ  ဈေးမီးလောင်မှုကြီးများမဖြစ်ပွား မပေါ်ပေါက်စေရန်၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဈေးမီးဘေးလုံခြုံရေး စစ်ဆေးခြင်းကိုယနေ့ နံနက်(၉)နာရီအချိန်က မြို့မမင်္ဂလာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်း ဦးဆောင်၍ ယခင်က ဈေးမီးဘေးလုံခြုံရေး စစ်ဆေးခဲ့စဉ်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးနှင့် ပတ်သက်၍ မှာကြားခဲ့သည်များကို ‌လိုက်ပါဆောင်ရွက်ခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး ဈေးအတွင်း ရေကန်သိုလှောင်ထားရှိမှုများ၊ မီးသတ်ဆေးဘူး ဆောင်ရွက်ထားရှိမှုများနှင့် ဈေးပတ်ဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားစေနိုင်သည့် နေရာများကို လိုက်လံစစ်ဆေးခဲ့သည်။ ထို့နောက် ဈေးသည်များအား သတ်မှတ်ချိန်ကျော်လွန်၍ မီးအသုံးမပြုကြရန်၊ မီးအသုံးပြုပြီး စနစ်တကျမီးငြှိမ်းသတ်ကြရန်၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး မီးကို စနစ်တကျ သုံးစွဲကြရန် ‌အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကမ်းကီး (ပြန်/ဆက်)