ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်

ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက် ပခုက္ကူ အောက်တိုဘာ ၁၉ ခရိုင် (ပြန်/ဆက်)

ရွှေသောင်ယံမြို့ သဘော့ကန်ကျေးရွာအုပ်စုတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာတွင် ယမန်နေ့နေ့လည်ပိုင်းက သဘော့ကန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးးဦးဆောင်၍ ဆရာမများမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ချောက်ကြား)တွင် လူငယ်စကားဝိုင်းကျင်းပ

တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ချောက်ကြား)တွင် လူငယ်စကားဝိုင်းကျင်းပ တောင်တွင်းကြီး အောက်တိုဘာ ၁၉ အေးမိုးမိုးမြင့်

ကြံခင်းမြို့နယ် မဲကုန်းအုပ်စုတွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မဲကုန်းအုပ်စု တောင်သူ ဦးဇော်မင်းဦး ဥယျာဉ်ခြံ၊ (၁)ဧကအတွင် ယမန်နေ့နံနက်ပိုင်းက ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်း စိုက်ပျိုးပွဲ ကျင်းပခဲ့ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဝေဟင်မှရှုခင်းများကြည့်ရန် Balloon များ စတင်ပျံသန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှုခင်းများ ကြည့်ရှုရန် ရွှေလေတံခွန် (နီညိုရောင်) မီးပုံပျံဓာတ်ငွေ့ Balloon အဖွဲ့မှ ယမန်နေ့နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဟိုတယ်ဇုန်(၄)မှ စတင်ပျံသန်း၍ ယခုနှစ် ဆောင်းရာသီ Balloon ပျံသန်းခြင်းများ စတင်ပျံသန်းခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ထံက သိရသည်။

၂၀၂၅ ခုနှစ် ပညာရေးဝန်ထမ်း သား၊ သမီးများ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ် ပညာရေးဝန်ထမ်း သား/သမီးများ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား နိုင်ငံတော်မှ ချီးမြှင့်သော ဂုဏ်ပြုငွေနှင့်ပညာရေးဆု ပဒေသာပင်မှချီးမြှင့်သော ဂုဏ်ပြုငွေချီးမြှင့်ခြင်း အခမ်းအနားကို ပညာရေးမှူးရုံးရှိ “မြတ်ပညာ”ခန်းမ၌ အောက်တိုဘာ ၁၇ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(စာဘူးတောင်း)တွင် လူငယ်စကားဝိုင်းကျင်းပ

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(စာဘူးတောင်း)တွင် လူငယ်စကားဝိုင်းကျင်းပ လှည်းကူး အောက်တိုဘာ ၁၉ အေးအေးနွဲ့
Subscribe to