သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပန်းချီပညာကို အခြေခံမှစ၍ လေ့လာနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်တို့ပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့)ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။