ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အဆင့် ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဌာန ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကိုယနေ့နံနက် ၉နာရီက ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်မျိုးဆက်သစ်၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့်   နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  ယနေ့မွန်းလွဲ(၁)နာရီက  မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အ.ထ.က (စဉ့်ကိုင်) သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အရာတော်မြို့၌ ကောက်ရိုးမှို စိုက်ပျိုးနည်းသင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေရရှိရန်ရည်ရွယ်၍ ကောက်ရိုးမှိုစိုက်ပျိုးနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

နမ့်ခမ်းမြို့အတွင်း နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေး

စာပေဖတ်ရှုသူများသည် သုတ/ရသစာပေများကို လေ့လာဖတ်ရှုချင်သော်လည်း နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုး ကြောင့် လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ အတွက် နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း၍ စာအုပ်/စာစောင်များကိုငှားရမ်းပေးခြင်းအား ယနေ့နံနက် (၁၁) နာရီ အချိန်က အောင်ချမ်းသာရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ အဟာရတိုက်ကျွေးခြင်းနှင့် အလှူငွေပေးအပ်လှူဒါန်း

၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့ အောင်သီရိ အထွေထွေ ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌနှင့် အဖွဲဝင်များက  အမှတ်(၃)အခြေခံပညာ မူလတန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အဟာရတိုက်ကျွေးခြင်းနှင့် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွှဲ(၁)နာရီကအဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 မောက်မယ်မြို့နယ်၌ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနိုင်အတွက် အ​ခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)တွင် ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပူးပေါင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ ချက်အလက် (Biometric) ကောက်ယူခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေး အချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗဟန်းမြို့နယ် ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ပေးရေးဥပဒေများအား ကျယ်ပြန့်စွာသိရှိစေရန် အသိပညာပေးဟောပြောပွဲကျင်းပ

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ပေးရေးဥပဒေများအား ကျယ်ပြန့်စွ သိရှိစေရန်  ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စုရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အမှတ်(၅)စာသင်ခန်းမ၌   ယနေ့နံနက်ပိုင်းက ဟောပြောခဲ့သည်။

မုံရွာမြို့၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်းသူများ တက်‌ရောက်ခဲ့ကြသည်။

ခိုလမ်မြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to