မောက်မယ် ဇွန် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနိုင်အတွက် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)တွင် ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပူးပေါင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်လင်းခေး ခရိုင်ပညာရေးမှူး ဦးညီညီတို့က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရ မည့်နည်းလမ်းများကဏ္ဍအဆင့်ဆင့်ကို ဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအာ ငလျင်ဘေးကျရောက်လာပါက လိုက်နာရမည့်အချက်များ၊ ကြိုတင် ကာကွယ်ရမည့်အချက်များ၊ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)