ဇေယျာသီရိ ဇွန် ၂၈
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ပေးရေးဥပဒေများအား ကျယ်ပြန့်စွ သိရှိစေရန် ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စုရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အမှတ်(၅)စာသင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာလှသန်း(သင်ကြား)၊ ဌာနမှူး/ ပါမောက္ခများ၊ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်း၊ ဆရာ၊ ဆရာမများ၊ ဘွဲလွန်သင်တန်းနှင့် နောက်ဆုံးနှစ်သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာလှသန်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းက အာဆီယံစားသုံးသူရေးရာကော်မတီတွင် မြန်မာနိုင်ငံစားသုံးသူရေးရာဦးစီးဌာနအနေ ဖြင့် ပါဝင်ဆောင်ရွက်နေသည့်အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆို ပါက စစ်ဆေးကြည့်ရှု့ရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်မသင့်သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များနှင့် ဝယ်ယူခြင်းမပြုမီသတိပြုရမည့်အချက်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအားရှင်းလင်းဟောပြောခဲ့ပြီးနောက် ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းချက်များအား ပြန်လည်ဖြေကြား ပေးခဲ့သည်။ ယင်းနောက် တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေး ရာဦးစီးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)