သီပေါမြို့အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ အဟာရတိုက်ကျွေးခြင်းနှင့် အလှူငွေပေးအပ်လှူဒါန်း

သီပေါ ဇွန်၂၈

၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့ အောင်သီရိ အထွေထွေ ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌနှင့် အဖွဲဝင်များက  အမှတ်(၃)အခြေခံပညာ မူလတန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အဟာရတိုက်ကျွေးခြင်းနှင့် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွှဲ(၁)နာရီကအဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်ရတနာဝင်းက ကျောင်းအုပ်ဆရာမကြီးထံ သို့ အလှူငွေပေးအပ်လှူဒါန်းပြီးနောက် အောင်သီရိအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများ၊မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကြက်သားဆန်ပြုတ်အဟာရ တိုက်ကျွေးခဲ့ကြကြောင်းနှင့် အဆိုပါ မူလတန်းကျောင်းတွင် KGမှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၂၀)ဦး ရှိကြောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းဝေထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)