ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးတောင်သူများမှ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသည့် ဗုဒ္ဓဟူးနေ့အခွန်လွတ်ဈေး၌ ပြည်သူအများရောင်းဝယ်နေမှုအား ကြည့်ရှု အားပေး
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စိုက်ပျိုးမွေးမြူရေးတောင်သူများမှ သက်သာသောနှုန်းထားဖြင့် စားသုံးသူ လက်ဝယ်သို့ တိုက်ရိုက်ရောင်းချသည့် အခွန်လွတ်ဈေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တို့တွင် သီးခြားစီဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမှတ်(၉)ရပ်ကွက် ပြည်နယ်ကမ္မဌာန်းကျောင်း လမ်း၌ဖွင့်လှစ်ထားသော ဗုဒ္ဓဟူးနေ့အခွန်လွတ်ဈေးတွင် ရောင်းသူ၊ ဝယ်သူများဖြင့် စည်ကားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။