ဗဟန်းမြို့နယ်၌ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ ချက်အလက် (Biometric) ကောက်ယူခြင်းဆောင်ရွက်

 ဗဟန်း ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေး အချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗဟန်းမြို့နယ် ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်‌မောင်သန်းနှင့် ဝန်ထမ်းများကဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထား‌သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး လာရောက်ဆောင်ရွက်သူများ၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီးမတူညီ ဂဏန်း (၁၀) လုံး ပါဝင်သည့် Unique lD နံပါတ်သတ်မှတ်၍ ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအနေဖြင့် ပြည်သူများ၏ လူမူစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မူလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

စန္ဒာမိုး