မုံရွာမြို့၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်လှစ်

မုံရွာ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်းသူများ တက်‌ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်သစ်စနစ်သစ်များနှင့်အညီ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  အသက်သုံးနှစ်ပြည့်ပြီး အသက်ငါးနှစ်မပြည့်သေး သော  ရှေးဦးအရွယ် ကလေးသူငယ်များနှင့် အသက်ငါးနှစ်ပြည့်သော်လည်း မူလတန်းကျောင်း သို့  အပ်နှံခြင်းမပြုသေးရသော ကလေးသူငယ်များအား ပြုစုပျိုးထောင် ရာတွင် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် ဘဝတစ်သက်တာအတွက် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် နည်းစနစ် မှန်ကန်စွာ လေ့ကျင့်ပြုစုပျိုးပေးနိုင်ရန်အတွက် ယခုကဲ့သို့ ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 လူမှုဝန်ထမ်း ကယ်ဆည်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်ဘဝမှ ဘိုးဘွားများအထိ လုပ်ငန်းတာဝန်ကြီး (၇)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အဓိကအကျဆုံးရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ထိရောက်စွာသင်ကြား နိုင်ရေးအား အထူးအလေးထား၍ သင်ရိုးညွှန်းတန်းများနှင့် အညီ ယခုလိုသင်တန်းများ ဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ စိတ်ပါဝင်စားသူ သင်တန်းသူ ၃၀ ဦးအား သင်တန်းနည်းပြ ဆရာဆရာမများက ဇွန်လ ၂၈  ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၂၁ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)