နမ့်ခမ်းမြို့အတွင်း နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေး

နမ့်ခမ်း ဇွန် ၂၈

စာပေဖတ်ရှုသူများသည် သုတ/ရသစာပေများကို လေ့လာဖတ်ရှုချင်သော်လည်း နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုး ကြောင့် လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ အတွက် နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း၍ စာအုပ်/စာစောင်များကိုငှားရမ်းပေးခြင်းအား ယနေ့နံနက် (၁၁) နာရီ အချိန်က အောင်ချမ်းသာရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာပေ ဖတ်ရှုလိုသော ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်/ စာစောင်များ ကို နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ စိတ်ကြိုက် စာအုပ်စာပေများကို ယူဆောင်၍ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များပြန်လည် သိမ်းဆည်းခြင်းကို တစ်ပတ်လျှင်တစ်ကြိမ်ကျစီ ရပ်ကွက်နှင့် ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)