ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အဆင့် ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကျင်းပ

ချောက် ဇွန်  ၂၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဌာန ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကိုယနေ့နံနက် ၉နာရီက ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည်။

အခမ်းအနားသို့ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်အုပ်ချုပ်ရေး မှူးဦးစိုးလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးဦးစစ်ငြိမ်းအေး၊ အကဲဖြတ်ဒိုင် များအဖြစ်ပတ္တမြားရိပ်သာ၊ စိတ္တသုခဓမ္မရက္ခိတကျောင်းမှ သီလရှင်ဆရာကြီးများနှင့် ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများ တက်ရောက်ကြသည်။

အဆိုပါဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကို ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်းများ ပါဝင်ရွတ်ဖတ်ပူဇော် ပြိုင်ပွဲဝင်ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ခရိုင်/မြို့နယ်အလိုက်ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ကျင်းပ ပြုလုပ် သည်။ ထို့နောက်ပတ္တမြားရိပ်သာ၊ စိတ္တသုခဓမ္မရက္ခိတကျောင်းမှ သီလရှင်ဆရာကြီးများအား ပြိုင်ပွဲကျင်းရေးကော်မတီမှနေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ခရိုင်အဆင့် ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရာ ခရိုင်/မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပထမဆုရရှိသော ချောက်ခရိုင် ဝတ်ရွတ်အသင်း၊ ဒုတိယဆုရရှိသော ချောက်မြို့နယ် ဝတ်ရွတ်အသင်းနှင့် တတိယဆုရရှိသောရေနံချောင်းမြို့နယ် ဝတ်ရွတ်အသင်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)