ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၅၁၇)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

နိုင်ငံတော်မှ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွား ၁ ဦးကို တစ်လလျှင် ငွေ ၁၀၀၀၀/- ကျပ်နှုန်းဖြင့်  လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပုံမှန် ထုတ်ပေးလျက်ရှိ‌ရာ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီနှင့် ဝန်ထမ်းများက ကျောက်မဲမြို့နယ်ရှိအသက် ၈၅ နှစ်နှင့်အထက်

ကျောက်ကြီးမြို့နယ်၌ ဆိုလာစနစ်နှင့်မီးစက်များဖြင့် အားသွင်းသည့်ဆိုင်များ ပုံမှန်ဝင်ငွေရရှိ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိနေမှုကြောင့် ဆိုလာစနစ်နှင့်မီးစက်များအသုံးပြု၍ အားသွင်းဝန်ဆောင်မှုပေးနေသည့်ဆိုင်များ ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့်ကဗျာပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့်ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၀၉:၀၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဘုတင်လင်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် ကောက်ရိုးမှိုစိုက်ပျိုးနည်းအား သရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဘုတလင်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ တို့တောင်သူစုဝေးသဘင်ခန်းမတွင် ယနေ့နံနက်ပိုင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မိုးသီးနှံစံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် ဝက်သားများအား ဈေးနှုန်းသက်သာစွာဖြင့် ထပ်မံရာင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့၊ နံနက်(၇)နာရီအချိန်မှ စတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ အဆိုပါရုံးရှေ့တွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် ဝက်သားတို့ကို ဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံသို့ထပ်မံ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေး အသိပညာပေး (Talk Show) ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်လွဲ(၂)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းးပြီး စားသုံးသူ အကာအကွယ်ပေးနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show)ကို ပြုလုပ်ဆောင်ရွက်ကြောင်း  သိရသည်။
Subscribe to