ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ စရိတ် ပေးအပ်ပွဲ ကျင်းပ

ဖျာပုံ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဖျာပုံမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ခြင်းကို ယနေ့နံနက်  ၉ နာရီ အချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ စရိတ်ပေးအပ်ရာတွင် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် တာဝန်ရှိသူများက တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့တွင် ပညာသင်ကြားနေကြသော ဝန်ထမ်း သား/သမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးစာရေးကိရိယာများ အသီးသီး ထောက်ပံ့ပေးအပ်​ခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)