ခရမ်း ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပေါက်ပင်ကျေးရွာအုပ်စု၊ ပေါက်ပင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်သူများလိုအပ်သော အရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားကာ စားဝတ်နေရေးပြေလည်စေရန်ရည်ရွယ်၍ (နဝမ)အကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇင်မာကြည်ကအမှာစကားပြောကြားခဲ့ပြီး ချေးငွေအောင်သူ အသင်းသား၊ စိုက်ပျိုးရေးလုပ်ကိုင်သူ ၃၄၅ ဦးတို့အား ၄၃,၄၅၀,၀၀၀/- ကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ ၆၁ ဦးတို့အား ၃,၀၅၀,၀၀၀/- ကျပ် စုစုပေါင်း ၄၀၆ ဦးတို့ကို ချေးငွေစုစုပေါင်း ၄၆၅ သိန်းကျပ်အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများကြီးကြပ်၍ ပေါက်ပင်ကျေးရွာ မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဦးဘကြိုင်နှင့်အဖွဲ့ဝင်များက စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရှိသည်။
ကိုမင်း ( ခရမ်း )