လဲချားတွင် ဂုဏ်ပြုပူဇော်ခြင်း၊ စာအောင်လက်မှတ် ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ရာများ လောင်းလှူခြင်း အခမ်းအနားကျင်းပ

လဲချား ဇူလိုင် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဂုဏ်ပြုပူဇော်ခြင်း၊ စာအောင်လက်မှတ်ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ရာများ လောင်းလှူခြင်း အခမ်းအနားကို ယနေ့နေ့လည်(၁၂)နာရီအချိန်က ဟွေရင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် လဲချားမြို့နယ်မှ ပြည်တွင်း/ပြည်ပ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၁၉)ပါး၊ ၂၀၂၂/၂၃ ခုနှစ်၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသမ္ဓမ္ဓပါလ စာမေးပွဲတွင် အောင်မြင်တော်မူသော စာသင်သား သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ စုစုပေါင်း (၆၃၀)တို့အား စာအောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်း၊ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လဲချားမြို့နယ်မှ စေတနာရှင် ပြည်သူများက စုပေါင်းလောင်းလှူခဲ့ကြပြီး ကုသိုလ်ယူ တရားရားတော်များ နာယူခဲ့ကြကြောင်း သိရသည်ည်။

လဲချား (မြို့နယ်ပြန်/ဆက်)