ချောက်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီ တမာပျိုးပင် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ချောက် ဇူလိုင် ၃

ချောက်ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီတမာပျိုးပင် စိုက်ပျိုးပွဲအခမ်းအနားကို ယ​မန်နေ့နံနက်(၈)နာရီအချိန်က အမှတ်(၁၄)ရပ်ကွက် စစ်ကွင်းရပ်ရှိ​ စု​ပေါင်းရုံး ဝန်းအတွင်း၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချောက်ခရိုင် အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်​ရေးမှူး ဦး​ဌေး​ကျော်က ချောက်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ စိုက်ပျိုးမည့် တမာပျိုးပင်များကို ခွဲဝေပေးအပ်ရာ ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးစိုးမြတ်သူနှင့် ခရိုင်မိသားစုစည်းရုံး​ရေးနှင့် စည်းကမ်းထိန်းသိမ်း​ရေး ​ကော်မတီအဖွဲ့ဝင် ​ဒေါ်​ဝေ​ဝေဖြိုးထွန်းတို့က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်​ရေးမှူး ဦး​ကျော်စိုးက တမာပျိုးပင်များအား​ပေးအပ်ရာ ခရိုင်အမျိုးသမီး​ရေးရာအဖွဲ့ အဖွဲ့ဝင်​ဒေါ်​ဆွေဇင်ဦးနှင့် ခရိုင်မိခင်နှင့် က​လေး​စောင့်​ရှောက်​ရေးအသင်း အဖွဲ့ဝင်​ ဒေါ်နုနု​​ဆွေတို့က လက်ခံရယူခဲ့သည်။

ထို့နောက်ခရိုင်အုပ်ချုပ်​ရေးမှူး ဦး​ဌေးကျော်က  ၂၀၂၃ ခုနှစ်မိုးရာသီ တမာပျိုးပင် စိုက်ကွင်းရှိ သတ်မှတ်နေရာတွင် တမာပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြသည်။

ယင်းနောက် ခရိုင်အုပ်ချုပ်​ရေးမှူးဦး​ဌေး​ကျော်နှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် မိသားစုများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)