မုံရွာ ဇူလိူင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းအမှတ် ၂ နိုင်လွန်ကတ္တရာ လမ်းသစ် ဖွင့်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ဂေါက်ကလပ်တွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် ဂေါက်သီးရိုက်အားကစားသမားများတက် ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စမုတ်ဘောရိုက်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆိုပါ မုံရွာမြို့၊ ပြည်ထောင်စုလမ်းအမှတ် ၂ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၇၀ ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြသည်။တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇူလိူင်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ထံ တမာပျိုးပင် အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများထံ ပျိုးပင်များ အသီးသီး ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တမာပျိုးပင်အား စိုက်ပျိုးပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက သက်မှတ်နေရာများတွင် ပျိုးပင်များအား စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုး ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပသော ၂၀၂၃-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ သစ်ပင်မျိုးပေါင်း ၁၂ မျိုး၊ စုစုပေါင်းပျိုးပင် ၇၀၀ အား စိုက်ပျိုးပေးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် မုံရွာပညာ့ရိပ်သာ အိမ်ယာဝန်းသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာ့ရိပ်သာ အိမ်ယာအခန်းများအား အဆင့်မြင့် ပညာဦးစီးဌာနမှ ဆရာ/ဆရာများအတွက် စနစ်တကျ ခွဲဝေနေရာချထားပေးရေး၊ အိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် အမြဲစိမ်းလန်းစိုပြည် စေရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာပညာ့ရိပ်သာ အိမ်ယာအတွင်းရှိ Gym ခန်းနှင့် ၁ ယောက်အိပ်၊ ၃၂ ခန်းပါ အဆောက်အဦ ၁ လုံး၊ ၂ ယောက်အိပ် ၉၆ ခန်းပါ အဆောက်အဦ ၃ လုံးနှင့် ၃ ယောက်အိပ် ၃၂ ခန်းပါ အဆောက် အဦ ၁ လုံး၊ စုစုပေါင်း အခန်းပေါင်း ၁၆၀ ခန်း တည်ဆောက်ပြီးစီးမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊( ပြန်/ဆက်)