ကျွန်းလှ ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံတိုက်ကျွေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မွေးကင်းစမှအသက်နှစ်နှစ်အောက်ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောဆေး၊ ပြင်းထန်တီဘီ၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်များ ထိုးနှံပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)