မြောက်ဦး ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မုန်တိုင်းသင့်တောင်သူများအား ထောက်ပံ့မည့် GW-11 မျိုးစပါးများသည် တပ်မတော်ယာဉ်များဖြင့် မြို့တော်ခန်းမသို့ ရောက်ရှိလာသည်။
အဆိုပါ ရောက်ရှိလာသော GW-11 မျိုးစပါးများကို မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မြောက်ဦးမြို့နယ်အတွင်း မိုခါမုန်တိုင်း ကြောင့် ပျက်စီးသွားသော ကျေးရွာအုပ်စု (၁၂) အုပ်စုဖြစ်သော မောင်နှမ၊ အကြီးတော်မ၊ သာယာကုန်း၊ တန်းတင်၊ အရက်သည်မ၊ တိန်ညို၊ တောင်မြင့်၊ မြတ်ရိတ်ကျွန်း၊ ဂုဏ်ကျွန်း၊ ခြိတ်ချောင်း၊ ကင်းဆိပ်နှင့် သံရှင်ပြင် စသည့် ကျေးရွာအုပ်စုများသို့ GW-11 မျိုးစပါး တင်း (၉၀၀) ကို မုန်တိုင်းသင့်တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)