မောင်တော ဇူလိုင် ၃
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် တာ၀န်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီအချိန် ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးကုသမှုခံယူနေကြသော ပြည်သူများအား အာဟာရဖြည့်စွက်စာများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာ၀န်ရှိသူများသည် ယနေ့နံနက်ပိုင်းက မောင်တောမြို့ ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည့်သူ့ဆေးရုံသို့ သွားရောက်ကာ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနုကေသီစံနှင့် ပြည်သူ့ ဆေးရုံအတွင်း တာဝန်ထမ်းဆောင်နေကြသော သမားတော်နှင့် ဆရာဝန်များအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော ပြည်သူများကို အားပေးစကားများ ပြောကြားကာ တာဝန်ရှိသူများက အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ပြီး ပြည်သူ့ဆေးရုံအတွင်း လှည့်ပတ်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်