ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်တမာပင်များ စိုက်ပျိုးနိုင်ရေး ကျေးရွာနေပြည်သူများထံ ပျိုးပင်များပေးအပ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုများ လျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ မျှတကောင်းမွန်စေရန် အရိပ်ရတမာပင်များ အကောင် အထည်ဖော် စိုက်ပျိုးနိုင်ရေးအတွက် ကျေးရွာနေပြည်သူများထံ တမာပျိုးပင်များပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်ခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။