ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး၊ မိုးစပါး လျာထားချက် ပြည့်မီအောင် စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ(ရေတပ်)၌ အသက်(၅)နှစ်အထက်၊ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ နေမှုနှင့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ရွှေတောင်မြို့နယ်တွင် မျိုးစေ့ချ ကိရိယာ ( Drum Seeder)စနစ် ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းအုပ်စု၊ကွင်းအမှတ် (၄၁၇) ကွင်းရှိ တောင်သူ ဦးစောလွင်၏ လယ်မြေတွင် ယမန်နေ့ နံနက်ပိုင်းက မျိုးစေ့ချ ကိရိယာ (Drum Seeder)စနစ် ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ စိုက်ပျိုးခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။

မိုးညိုမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မိုးညို - မင်းလှသွားကားလမ်း မိုင်တိုင်အမှတ် ၁၆ မိုင် ၃ ဖာလုံအနီး၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌  စာဖတ်ဝိုင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက အလုံမြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ  စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုံးကိုးမြို့၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အတူတကွ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့၌ တောင်ရပ်ကွက်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တောင်ရပ်ကွက် အတုလမန် အောင်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။

ထားဝယ်တက္ကသိုလ်၌ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ထားဝယ်တက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲ၊ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

လသာမြို့နယ်၌ အသက် ( ၅ )နှစ်နှင့်အထက် ကျောင်းသား၊​ကျောင်းသူစုစု​ပေါင်း  (၃၄၀)ဦးအား ကိုဗစ်-၁၉​ရောဂါကာကွယ်​ဆေးထိုးနှံ​ပေး

ရန်ကုန်တိုင်း​ဒေသကြီး၊ လသာမြို့နယ်တွင်  ကို​ဗစ်-​၁၉​ရောဂါကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို စဥ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​မန်နေ့နံနက် ၉ နာရီ က အ​မှတ်(၁)​အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်( ၂ )အခြေခံပညာအထက်တန်းကျောင်းများရှိ အသက် ( ၅ )နှစ် နှင့် အထက်ကျောင်းသား၊ ​ကျောင်းသူစုစု​ပေါင်း (၃၄၀ )ဦး တို့အား ပထမအကြိမ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေးခဲ့​သည်။

မွန်ပြည်နယ် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊  ပြည်နယ်/ခရိုင်အဆင့် အိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊  မွန်ပြည်နယ်ရှိအိမ်ခြံမြေအကျိုးတော်ဆောင်များနဲ့ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ကျောက်တံတားမြို့နယ်၌ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျောက်တံတားမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်‌ဆေး တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to