ညောင်ဦး ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ခရစ်နှစ်( ၁၁၉၆) ခုနှစ်က နရပတိစည်သူမင်းကြီးကောင်းမှုတော် ဓမ္မရာဇိကဘုရားရှိ ပစ္စယာအဆင့်ဆင့်တို့တွင် ဇာတ်တော်ပေါင်း(၅၅၀)နှင့်ဘုရားဖြစ်တော်စဉ် စဉ့်ကွင်းပုံများ ဖြင့်တန်ဆာဆင်ထားသည်ကို လာရောက်လေ့လာနိုင်ကြောင်းသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရာဇိကဘုရားကို ခရစ်နှစ်(၁၁၉၆)ခုနှစ်တွင် နရပတိစည်သူမင်းကြီးသည် သမထီးအရပ်၌ ဓမ္မရာဇိကဘုရားကို ငါးမျက်နှာအညီ အမျှတည်ဆောက်ထားသည်။ ပစ္စယာသုံးဆင့်အပေါ်တွင် ရှစ်ထောင်ကြေးဝန်းခံထားသည့် စေတီတော်တစ်ဆူ ဖြစ်ကာ ပထမပစ္စရာမှစ၍ လကျ်ာရစ်လှည့်ပြီး ပစ္စယာအဆင့်ဆင့်တို့တွင် ဇာတ်တော်ပေါင်း (၅၅၀)နှင့်ဘုရားဖြစ်တော်မူစဉ် စဉ့်ကွင်းပုံများဖြင့် တန်ဆာဆင်ထားသည်ကို လက်တွေ့လေ့လာနိုင်မည်ဖြစ်သည်။ ဘုရားတည်ဆောက်ပုံမှာ ရွှေစည်းခုံ ဘုရားနှင့်အခြေခံအားဖြင့်တူညီပြီး တန်ဆာဆင်မွမ်းမံပုံနှင့်အာရုံခံမုခ် ငါးမျက်နှာထားရှိ ပုံမှာ ထူးခြားစွာလေ့လာတွေ့ရှိနိုင်ပြီး အာရုံခံမုခ်ငါးမျက်နှာရှိ ကြေးဂူတိုက်ငါးခုတွင် ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသောဘုရားငါးဆူကို ရည်မှန်း၍ ကြေးဆင်းတုငါးဆူကိုတည်ထားခဲ့ကြောင်း၊ အရှေ့ဘက်အာရုံခံမုခ်အတွင်းတွင် ပုဂံခေတ်ရေးထိုးထားသည့် ကျောက်စာတစ်ချပ်နှင့်အင်းဝခေတ် နံရံမင်စာတို့ကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ဓမ္မရာဇိကဘုရား အရှေ့ဘက်မုခ်နှင့်တောင်ဘက်မုခ်တို့တွင် ဆုတောင်း ပြည့် ပြည့်ငါးပြည့်တွင် နှစ်ဆူပါဝင်သည့် ဆင်းတုတော်များဖူးမြှော်နိုင်ပြီး၊ ဓမ္မရာဇိက ဘုရား၏ အရှေ့ဘက်တွင် သစ္စာဝတီဘုရား၊ သံပျင်စွာဘုရား၊ အနောက်ဘက်တွင် လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ကြေးမုံပြင်ဘုရား၊ တပ်ကလေးဘုရား၊ တာမဏိသိမ်ဘုရားနှင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက် အအုံများကို တည်ထားမှုပုံစံအမျိုးမျိုးတို့ကို ဖူးမြှော်လေ့လာနိုင်ကြောင်းသိရသည်။
ဒီပါလင်း