မြောင်းမြမြို့တွင် ကျောင်းသားမိဘများအား ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ကျောင်းသားမိဘများအား အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နေ့လယ် ၁၂:၀၀ အချိန်က အ.ထ.က(၆)၊ စစ်တောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် အမှတ် ၈၁ ယာဥ်ထိန်းရဲတပ်ဖွဲ့စု(မြောင်းမြ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ညီညီအောင်က ကျောင်းသားမိဘများအား ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ၊ ယာဥ်လမ်းအချက်ပြပုံများကို  ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို အ.ထ.က(၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်နှင့် ဆရာ၊ ဆရာမ (၁၂)ဦး၊ ကျောင်းသားမိဘ(၁၈၉)ဦး၊ စုစုပေါင်း (၂၀၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(မြောင်းမြ)