ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန အဆောက်အအုံတွင် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။

လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားနှင့်အညီ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့နယ် မြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မော်တော်ယာဉ်များပေါ်တွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေးနှင့် မော်တော်ယာဉ် အဝင်/အထွက်စစ်ဆေးခြင်းများကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပုလဲ-ဂန့်ဂေါ ၊ ဟားခါး-ဂန့်ဂေါ ၊ ကလေး-ဂန့်ဂေါ ၊ ထီးလင်း-ဂန့်ဂေါ လမ်းဆုံမြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်တွင် ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်အေးနှင့် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ်တွင် တစ်နိုင်တစ်ပိုင် နွားမွေးမြူသူ တောင်သူတစ်ဦး၏ စကားသံ

ပုဗ္ဗသီရိမြို့နယ်တွင် တစ်နိုင်တစ်ပိုင် နွားမွေးမြူသူ တောင်သူတစ်ဦး၏ စကားသံ ပုဗ္ဗသီရိ ဇူလိုင် ၅ လှိုင်မြင့်

ကြည့်မြင်တိုင်မြို့နယ် (Community Centre) ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ကြည့်မြင်တိုင်မြို့နယ် (Community Centre) ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ ကြည့်မြင်တိုင် ဇူလိုင် ၅ ခိုင်ဇာလင်း(ပြန်/ဆက်)

သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက်(၉)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to