မိုးစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့အဆင့် (C.S)မျိုးစေ့ထုတ်တောင်သူများအားမျိုး စပါးမျိုးသန့် မျိုးစေ့အဆင့်(R.S)နှင့် သွင်းအားစုပစ္စည်းများထောက်ပံ့

ကျိုက်မရော ဇူလိုင်  ၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီ၌  မြို့နယ်အတွင်းရှိ စိုက်ပျိုးဧရိယာအားလုံး မျိုးကောင်းမျိုးသန့် ပြောင်းလည်းစိုက် ပျိုးနိုင်ရေးရည်ရွယ်၍ နှစ်စဥ်မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ -၂၀၂၄ခု နှစ်  မျိုးစေ့ထုတ်တောင်သူများအား မျိုးစပါး မျိုးသန့်မျိုးစေ့အဆင့် (R.S)နှင့်သွင်းအား စုပစ္စည်းများထောက်ပံပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးစိန်ဝေက အဖွင့်အမှာ စကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှတင်မောင်က မျိုးသန့်မျိုးစေ့ အဆင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် စိုက်ပျိူးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်(SGA)တောင်သူများအား မျိုးသန့်မျိုးစေ့(R.S) နှင့် သွင်းအားစု ဓါတ်မြေသြဇာ၊သဘာဝမြေသြဇာနှင့် စိုက်ပျိုး စရိတ်များကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မျိုးစေ့ထုတ်တောင်သူများအား စပါးသီးနှံမျိုးစေ့ ဆားရည်စိမ်၍ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြခြင်းကို မွန်ပြည်နယ်မျိုးစေ့တာဝန်ခံ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မူမူတန် ကလက်တွေ့သရုပ်ပြသရာ တောင်သူများ၏သိရှိလိုသောအချက်များကို တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကျိုက်မရော မြို့နယ် ကျေးရွာ (၁၃)ရွာမှ မျိုးစေ့ထုတ်တောင်သူ (၃၃)ဦး တို့ တက် ရောက်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

 မြို့နယ်(ပြန်/ဆက်)