မူဆယ်မြို့တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

မူဆယ် ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်က ယနေ့ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့်  သမဝါယမအကြောင်း သိကောင်း စရာလက်ကမ်းစာ‌စောင်များကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က မူဆယ်မြို့၊ စည်ပင်သာယာ‌ ဈေး(မြို့မ) အောင်မူဆယ်‌ဈေးရှိ သမဝါယမအသင်းလီမီတက်အသင်းသားများအား ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ဖြန့်ဝေဆောင်ရွက်ရာတွင် မူဆယ်မြို့ သမဝါယမဦးစီးဌာန၊ဦးစီးအရာရှိ ဦးမိုင်းတင်နိုင်ဦးက ဦးဆောင်၍ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သမဝါယမအသင်းလီမိတက် အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များက လက်ကမ်းတွင်ပါရှိသော သမဝါယမအကြောင်း သိကောင်းစရာအကြောင်းအရာများ၊ ရည်မှန်းချက်(၄)ရပ်၊ လုပ်ငန်းစဉ်(၉)ရပ်၊ သမဝါယမအနှစ်သာရနှင့် ကျင့်ဝတ်များ၊ လုပ်ငန်းအစီအမံ(၈)ရပ်၊ သမဝါယမအသင်းသားများ ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ ဦးတည်ချက်(၂)ရပ်၊သမဝါယမအသင်း၏ အခြေခံမူ(၁၀)ချက်၊ အသင်းသားများ လိုက်နာရမည့်စည်းကမ်းချက်များ၊ မူဝါဒနှင့်ဆောင်ပုဒ်များ၊ သံမဏိစည်းကမ်း(၂)ရပ်နှင့် အသင်းသား အဖြစ်မှရပ်စဲခြင်း စသည့်အကြောင်း အရာများကို သိရှိစေနိုင်ရန်ရည်ရွယ်၍ လက်ကမ်းစာစောင်များအား လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)