ကွတ်ခိုင်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data)  ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်

ကွတ်ခိုင် ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇူလိုင်လ ၃ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ကွတ်ခိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဝင်းလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူမှုအခြေအနေအား ကြည့်ရှုအား‌‌ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မိုးအောင်က (Biometric Data) ကောင်ယူနေမှုအ‌ခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data)နှင့် (Biometric Data)များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀) လုံးပါဝင်သည့် Unique ID နံပါတ်များ သတ်မှတ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ အချက်အလက်များကို ဆက်လက်ကောက်ယူရေး ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးထံမှ သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)