ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ စားဖိုဆောင်သီးနှံများ စိုက်ပျိုးလာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာ လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မိုးရာသီကာလ ရောက်ပြီဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင်ရာသီစာ ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြောင်း သိရသည်။