ဌာနဆိုင်ရာဝန်ထမ်းများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးအတွက် ရပ်ကွက်/ကျေးရွာများသို့ စာအုပ်စာစောင်များ ကွင်းဆင်းသွားရောက် ငှားရမ်းပေးသကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က မန့်ဟီးရိုးမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များကို လက်ဝယ်အရောက် သွားရောက်ငှားရမ်း ပေးခဲ့ပါသည်။