ကလေး ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်နိုင်စိတ်ပညာရေးသားသည့် လူငယ်နှင့်ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒေါ်နှီးရ်ငါန်းက လူငယ်နှင့်ဇွဲ စာအုပ်မှ သင်နှင့်ကျွန်ုပ်တို့၏အနာဂတ်၊ ပန်းတိုင်းပွင့်စေငြိမ်းချမ်းပါစေ စသည့်ခေါင်းစဉ်ပါအကြောင်းအရာ များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)