ဘီးလင်း ဇူလိုင် ၁၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နဝမအကြိမ်မြောက် သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၈ နာရီက ပုညသုခိတာရုံကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် နိုင်ငံတော်သံဃနာယကအဖွဲ့ဗဟိုမှ ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ၊ ပြည်နယ်သံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများက ဝိနည်းဓမ္မကောက်နုတ်ချက်များ၊ ညွှန်ကြားလွှာများ၊ ဝိနည်းဓမ္မကံ ကာကွယ်စောင့်ရှောက်ရေးဥပဒေ နှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အကြောင်းအရာများကို သင်ကြားပို့ချပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ဇူလိုင် ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ မြို့နယ်သံဃနာယကအဖွဲ့၊ ရပ်ကွက်/ကျေးရွာ သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင် ဆရာတော်များ စုစုပေါင်း ၁၅၀ ပါး တက်ရောက်ကြကြောင်း သိရသည်။
ထူးနောင်(ပြန်/ဆက်)