လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ပေးအပ်ပွဲ ကျင်းပ

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မန္တလေးတိုင်း၊ အမရပူရမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် Good Brother Co.,Ltd မှ အာမခံအလုပ်သမား၏ လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်သေဆုံးမှုအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျင်းခဲ့သည်။

ဆီဆိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ပေးအပ်သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့ နေ့လယ် ၁၂ နာရီက ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းပုံစံရေးသွင်း နည်းသင်တန်းဖွင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများအား လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရာ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းပုံစံများရေးသွင်းနည်း သင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ပို့ချခဲ့သည်။

ဆေးတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းကျန်းမာရေး ကွင်းဆင်းလေ့လာခြင်းနှင့် (Mask Campaign) ဆောင်ရွက်

ဆေးတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းကျန်းမာရေးကွင်းဆင်း လေ့လာခြင်းနှင့် (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၇၆ လမ်း၊ ၂၈လမ်းနှင့်၂၉ လမ်းကြား၊ ၇၆ လမ်းရှိ အမှတ် ၁၂ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် ၇၆ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပခြင်းကို ဇူလိုင်လ(၁၄)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)၌ လူငယ်ရေးရာ အသိပညာပေးဟောပြော

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာ အုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွား(၁၈)ဦးအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှအသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက်  လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အဘိုးအဘွားများကို ထောက်ပံ့ငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သိန္နီမြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club) အသင်းဝင်များမှ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့(Community Centre)ခန်းမတွင် စာအုပ် စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များမှ စာရေးဆရာဗန်းမော်သိန်းဖေရေးသားသည့် ကြီးကြီးတွေး မြင့်မြင့်ကြံ စာအုပ်ဖြင့် ယနေ့နနံနက်ပိုင်း(၁၀)နာရီက စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Subscribe to