တန့်ယန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့မှ ကျေးလက်နေပြည်သူများအား နှစ်စဉ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးလျက်ရရှိရာ ယနေ့တွင် မိုင်းပတ်ကျေးရွာအုပ်စု မန်ပန် တုန်ဟုန်းကျေးရွာ၌ ဆောင်ရွက်ထုတ်ချေးပေးခဲ့သည်။

သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာ ဦးစီးဌာနအောက်ရှိ ပညာရေးဒီဂရီ ကောလိပ်များတွင် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၁၀) နာရီ၌ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်း ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ကော့မှူးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းရရှိစေရန်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးလျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နူန်းတိုးစေရန်အတွက်ဆောင်ရွက်လျက်ရှိရာ အမှတ်(၂၇)မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် သရက်တပင်အုပ်စု၊ သရက်တပင်ကျေးရွာ‌ တောင်သူဦး‌‌ကျော်နိုင်၏ လယ်မြေ(၃.၅၀)ဧက၌ ဆင်းသုခစပါးမျိုးအားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းပြသဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် (VDP) စီမံကိန်းနှင့် (AVIP) ရေးဆွဲနည်း သင်တန်းဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာများအား (VDP) စီမံကိန်းနှင့် (AVIP) ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကို၊ ယနေ့နံနက်(၉)နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အ.ထ.က တနင်္သာရီတွင် အာဇာနည်နေ့အထိမ်းအမှတ် ဆုရစာစီစာကုံးများဖြင့် ဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ.ထ.က တနင်္သာရီကျောင်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ Grade-8 အတန်းမှ ကျောင်းသူ/ကျောင်းသား(၁၃၀)ဦးနှင့် Grade-9 အတန်းမှ ကျောင်းသူ/ကျောင်းသား(၁၅၀)ဦး စုစုပေါင်း ကျောင်းသူ/ ကျောင်းသား(၂၈၀)ဦး တက်ရောက်ကြသည်။

လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် Box Culvert တံတား(၁၂)စင်း တည်ဆောက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ များဖြင့် Box Culvert တံတား(၁၂)စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to