သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)နှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။