ကမာရွတ်မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး‌စေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားနှင့် အညီ အနာဂတ်မျိုးဆက်သစ်များ အရည် အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေ ရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ကမာရွတ်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စွမ်းရည်ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

နမ့်ခမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ၏ အနာဂတ်ဘဝကောင်းမွန်လာစေရန်နှင့် စာပေကို ချစ်မြတ်နိုး စာဖတ်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျောင်းသားလူငယ်များဖြင့် အာဇာနည်နေ့ အမှတ်တရစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁၃)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မုတ္တမနယ်မြေရဲစခန်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ‌ပေး ဟောပြောပွဲ ကို (အထက) မုတ္တမကျောင်း၌ ဟောပြောဆောင်ရွက် ခဲ့ကြသည်။

ရွာငံမြို့ Community Centre ခန်းမ၌ ပုံ​ပြောပြိုင်ပွဲကျင်းပ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသားလူငယ်လူရွယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန် ရည်ရွယ်၍ ပုံပြော​ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြောင်းမြမြို့တွင် သမဝါယမအသင်းဝင် တောင်သူများနှင့်တွေ့ဆုံ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့ နည်းပညာပြန့်ပွားရေး စင်တာတွင် သမဝါယမအသင်းဝင် တောင်သူများနှင့် ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် လေကာတန်းအုန်းပင်စိုက်ပျိုးပွဲတော်ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုတစ်ရပ်အနေဖြင့် လေကာတန်းအုန်းပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်ခန့်က သီရိမြိုင်ရပ်ကွက်၊ (၃)မိုင် ပြည်သူ့ရင်ပြင်တွင်ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ပြင်ဦးလွင်မြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မြို့ပေါ်ရပ်ကွက်များတွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်သည်။
Subscribe to