ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မြို့ပေါ်ရပ်ကွက်များတွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ဟိုပုံး ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(MSMEs)လုပ်ငန်း၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ရမည့်တာဝန်များ၊ လုပ်ငန်းရှင်များ၏ မှတ်ပုံတင်ခြင်းဆိုင်ကိစ္စရပ်များကို တကျယ်တဝင့်ရှင်းလင်းပြော ကြားပြီးနောက် တက်ရောက်လာသည့် မြို့ပေါ်ရပ်ကွက်ရှိ MSMEs လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။ အဆိုပါလုပ်ငန်း များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လုပ်ငန်းရှင်များ၏အခက်အခဲများ၊ လိုအပ်ချက်များကို နိုင်ငံတော်မှပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးက်မှုများရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)