မင်းဘူး(စကု)မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၈၃၁ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ် (၇၄)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၈၃၁ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် သိန်း ၂၄၀ ကျော်ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ကာ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စားသုံးသူ ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ဖအောင်းကျေးရွာအုပ်စု၊ ရှမ်းရွာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့ နေ့လယ် (၂)နာရီတွင် ဘိုကလေးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။

ရေနံချောင်းတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို အဆိုပါတက္ကသိုလ် စပါယ်ဆောင်တွင် ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ သင်တန်းရေးရာဌာနမှူးနှင့် ပါမောက္ခ(ဌာနမှူး)များက လိုက်လံကြည့်ရှု အားပေးသည်။

အဖျောက်မြို့၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲကျင်းပ​

ကျေးလက်နေပြည်သူများ အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေတိုးရေးနှင့် ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အ​ဖျောက်​မြို့၊​​ ရေ​ပေါ်​သောင်​ကျေးရွာအုပ်စု၊ မအူကုန်း ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ(၁၂)ရက်နေ့က မအူကုန်းကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်းတွင် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ဒေါပုံမြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်မီသော အနာဂတ်သားကောင်းများ ဖြစ်ထွန်းစေရန် လူငယ်စကားဝိုင်းကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သော လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့ အ.လ.က ဂနိုင်ထော့ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွား စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၁)နာရီက အခြေခံပညာအလယ်တန်းကျောင်း ဂနိုင်ထော့တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့သည်။
Subscribe to