ဘီးလင်း ဇူလိုင် ၁၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင် (၉)ဦး၏ အတ္ထုပ္ပတ္တိများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီဆွဲ၊ ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရာ ကျောင်းသား၊ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ထိုနောက် ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသစာအုပ်များနှင့် အာဇာနည်ကိုဦး၏ အတ္တုပ္ပတ္တိများ၊ ရင်တွင်းစကားများ၊ သမိုင်းမှတ်တမ်းများကို နံရံကပ်စာစောင်ပြုလုပ်၍ ခင်းကျင်းပြသခဲ့ရာ စိတ်ဝင်စားစွာ လိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)