နမ့်ခမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းဆောင်ရွက်

နမ့်ခမ်း ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ၏ အနာဂတ်ဘဝကောင်းမွန်လာစေရန်နှင့် စာပေကို ချစ်မြတ်နိုး စာဖတ်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျောင်းသားလူငယ်များဖြင့် အာဇာနည်နေ့ အမှတ်တရစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁၃)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ကျောင်းသား လူငယ်များက အာဇာနည် (၉)ဦး၏ ကိုယ်ရေးအကျဉ်းများကို ဖတ်ကြားဆွေးနွေးကြရာ ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသဖြင့် မြို့နယ်ဦးစီးမှူးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်းအပြီးတွင် ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်များ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)