ပြင်ဦးလွင် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
အဆိုပါ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၄၃ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၄၇ ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ၅၁ ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ၃၁ ဦး၊ အလယ်တန်းအဆင့် ၂၄ ဦးနှင့် အထက်တန်းအဆင့်ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၂၂ ဦး၊ စုစုပေါင်း ၂၁၈ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင်အဆင့်၊ တိုင်းအဆင့်အထိ ဆက်လက်ပေးပို့ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အဆင့်ဆုရရှိသူများကို မြို့နယ်စုံညီပွဲတော်တွင် ဆုများကိုပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ်(ခရိုင် ပြန်/ဆက်)