ရွာငံ ဇူလိုင် ၁၅
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသားလူငယ်လူရွယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ စာဖတ်ဝါသနာရှင်များ ဖြစ်ကြသည့်အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၈)ဦးတို့က မိမိတို့ဖတ်ထား၊ မှတ်ထားသည့် ပုံပြင်စာအုပ် များထဲမှ ပုံပြင်များဖြင့် ပျော်ရွှင်စွာဝင်ရောက် ယှဉ်ပြိုင်ကြရာအမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာတိုးတက်ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန် တို့အတွက် ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးသန့်